MNP ၊ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ ဂွမြို့ တိုင်ကျိုးကျေးရွာတွင် ယနေ့ နံနက်၂နာရီခွဲက ဖယောင်းတိုင်မီးကို မငြှိမ်းသတ်ဘဲ ထားရာမှ သွပ်မိုးနှစ်ထပ်တိုက်အိမ်(၁)လုံးနှင့် ဂိုဒေါင်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တိုင်ကျိုးကျေးရွာနေ ဦးစန်းကျော်သူ သည် ၎င်းဈေးရောင်းသည့်နေအိမ်တွင် လျှပ်စစ်မီးပျက်နေသဖြင့် ဈေးဆိုင်အတွင်းရှိ ပလတ်စတစ်ပစ္စည်းများနှင့် ဆား/ငါးပိများထားသည့် ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုး စတိုခန်းအတွင်းတွင် ဖယောင်းတိုင်မီးထွန်းထားပြီး ဖယောင်းတိုင်မီးကို မငြှိမ်းသတ်ဘဲ ထားရာမှ စတိုခန်းအား မီးစတင်လောင်ကျွမ်းပြီး အလျား(၄၅)ပေ၊ အနံ(၁၈)ပေ သံကွန်ကရက် သွပ်မိုး(၂)ထပ်တိုက်(၁)လုံး၊ အလျား(၅၀)ပေ၊ အနံ(၂၀)ပေ သွပ်မိုးအုတ်ကာ ဂိုဒေါင်(၁)လုံးတို့အား မီးကူးစက် လောင်ကျွမ်းခဲ့၍ ဂွမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကျိန္တလီမြို့ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၃)စီးဖြင့် အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အခြားလူနှင့်တိရစ္ဆန်များပျက်စီးဆုံးရှုံးမှု မရှိကြောင်း၊ သွပ်မိုးနှစ်ထပ်တိုက်အိမ်(၁)လုံးနှင့် ဂိုဒေါင်(၁)လုံး မီးလောင်ဆုံးရှုံးမှုသည် ကာလတန်ဖိုးစုစုပေါင်း (ကျပ်နှစ်ဆယ့်ကိုးသိန်းခွဲ)ခန့်ဖြစ်ကြောင်းနှင့် မီးပေါ့ဆစွာ အသုံးပြုသူအား အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment