MNP ၊ ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးကြီးနှင့် လမ်းမကြီး တစ်လျှောက်ရှိ ဈေးရောင်းချသူများအား နှာခေါင်းစည်းMask တပ်ဆင်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် ပြုလုပ်ဆောင်ရွက်ခဲ့ ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦး နေဦး နှင့် ကော်မတီဝင်များ ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် ကော်မတီဝင်များ ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေး ကော် မတီ ဝင်များ ၊ ရပ်ကွက် အုပ် ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးကြီး အတွင်းရှိ ဈေး ရောင်း ၊ ဈေးဝယ်သူများ ၊ လမ်းမကြီး တစ် လျှောက်ရှိ ဈေး ဆိုင် များတွင် ဈေးရောင်း၊ ဈေးဝယ်သူများ နှင့် လမ်းသွား လမ်းလာပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်မှု ရှိ/မရှိ စစ် ဆေးခြင်း ၊ တပ်ဆင်မှု မရှိသူများကို နှာခေါင်း စည်း Mask များ ဖြန့်ဝေပေးခြင်း ၊ ကိုဗစ်−၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး ဝန် ကြီးဌာနမှ ညွှန်ကြားထားသည့် လိုက်နာ ဆောင်ရွက်ရမည့် အချက် အလက်များအား စည်ပင်သာယာရေးအဖွဲ့မှ လိုက် လံ အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask များအား မတပ်ဆင်ဘဲ သွားလာနေ သူ များကို လည်း အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost






No comments:
Post a Comment