NLD နှင့် SNLD က သတ်မှတ်ကာလအတွင်း စစ်ဆေးခံယူမှုမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD နှင့် SNLD က သတ်မှတ်ကာလအတွင်း စစ်ဆေးခံယူမှုမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြား



MNP ၊ ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် (၄)ပါတီ (၁၈-၂-၂၀၂၂) ကနေ (၂၂-၂-၂၀၂၂) ရက်နေ့အထိ စစ်ဆေးခဲ့တဲ့ အခြေအနေ၊ NLD ပါတီက စစ်ဆေးခံခြင်း ရှိ/ မရှိ ထုတ်ပြန်ပေးရန် မြန်မာနေရှင်နယ်ပို့စ်က ဆက်သွယ်မေးမြန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့က သတ်မှတ်ကာလအတွင်း စစ်ဆေးခံယူမှုမရှိကြောင်း ပြန်လည်ဖြေကြားထားသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က "ဆက်သွယ်အသိပေးအကြောင်းကြားခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့သည် သတ်မှတ်ရက်တွင် စာရင်းများ စစ်ဆေးခံယူမှုမရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ စစ်ဆေးခံရန် ပျက်ကွက်ခဲ့သော ယင်းပါတီ ၂ပါတီ၏ စာရင်းများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄(က)နှင့်အညီ သတ်မှတ်ကာလ (၉-၃-၂၀၂၂) ရက် မတိုင်မီ လာရောက်စစ်ဆေးခံရန်နှင့် ညွန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄(ဂ)၊ (ဃ)၊ (င)တို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံအကြောင်းကြား ထားရှိကြောင်း" ဖြေကြားထားသည်။


NLD ပါတီသည် မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့မျိုးစုံ ဖွဲ့စည်းပြီး အလုံးစုံပျက်သုဉ်းရေးအတွက် CDM လှုံ့ဆော်ခြင်း၊ ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးခြင်း၊ တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသော ပါတီဖြစ်သည်။


NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၀၀၀ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)