MNP ၊ ဖေဖော်ဝါရီ ၉
မဲလိမ်မဲခိုး မဲမသမာမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် NLD ပါတီသည် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့သည့်အချိန်မှစ၍ ဆူပူအကြမ်းဖက် ဖောက်ခွဲတိုက်၊ လုပ်ကြံသတ်ဖြတ်မှုများကို ပြုလုပ်လျက်ရှိသည်။
NLD ပါတီ၏ မဲလိမ်မဲခိုး မဲမသမာမှုများကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး မဲစာရင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ရာ မဲမသမာမှု ၁၁.၃သန်းကျော် စီစစ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်၍ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - NLD နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ၂၁ ရက်မှ ၂၅ ရက်အထိ ခေတ်သစ်ပြည်သူ့ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီတို့ကို စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားကြောင်း သိရသည်။
NLD ပါတီသည် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့်အချိန်မှစ၍ CRPH, NUG, PDF အဖွဲ့များကို ဖွဲ့စည်းခဲ့ရာ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှု ပျက်ပြားစေရန်နှင့် အလုံးစုံပျက်သုဉ်းရေးအတွက် ဖောက်ခွဲဖျက်ဆီးခြင်းများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment