MNP - ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၃)ရပ်ကွက် ပေါ်ဦးလမ်းရှိ မီးဘေး သင့် အိမ်ထောင်စုတစ်စုအား ယမန်နေ့ နေ့လယ်ပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မီးဘေးသင့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ မီးဘေး သင့်လူဦးရေ (၃)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၆၃၀၀)ကျပ်ကို မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြ သည်။
ထို့အတူ မီးဘေးသင့်အိမ်ထောင်စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် မိသားစုသုံး ပစ္စည်းတစ်စုံ၊ အိမ်ဆောက်ပစ္စည်းတစ်စုံနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းတစ်စုံတို့ကို မြိတ်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ယမန်နေ့ ညနေပိုင်းက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မီးလောင်ခဲ့သည့် နေအိမ်သည် ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေ အိမ်ဖြစ်၍ ဖေဖော်ဝါရီ(၆)ရက်နေ့ ညပိုင်းတွင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
သတင်း - ခိုင်ထူး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment