MNP ၊ ဖေဖော်ဝါရီ ၉
မနေ့က ဂျာမဏီအဓိပတိ အိုလက်ဖ်ရှိုးဇ် က အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန် နဲ့ တွေ့ဆုံဆွေးနွေမှုပြုခဲ့ပါတယ်။
အဲ့ဒိ အစည်းအဝေးပွဲ အပြီးမှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ လုပ်တော့ ကန်းသမ္မတ ဘိုင်ဒန်က တကယ်လို့ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တာနဲ့ ရုရှားကနေ ဂျာမဏီကို သဘာဝဓာတ်ငွေ့ ရောင်းနေတဲ့ နော့ဒ် စထရင် ၂ ဂတ်စ် ပိုက်လိုင်းကြီးကို အဆုံးသတ်ပစ်မယ်လို့ ကြုံးဝါးသွားပါတယ်။
အမေရိကန်သမ္မတ နဲ့ တွဲထိုင်နေတဲ့ ဂျာမဏီအဓိပတိ အိုလက်ဖ်ရှိုးဇ်ကို သတင်းထောက်တွေက ဂတ်စ် ပိုက်လိုင်း ကိစ္စနဲ့ ပတ်သက်ပြီးတော့မေးတော့ သူ့အနေနဲ့ အသေးစိတ် ဘာတစ်ခုမှ ပြောလို့မရသေးပါဘူး ။
သေချာတာကတော့ ရုရှားတွေက ယူကရိန်းကို ကျူးကျော်ခဲ့ရင် အမေရိကန်နဲ့ လက်တွဲပြီး ရုရှားကို စီးပွားရေး ပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန် လုပ်သွားမယ် ၊ ပြီးတော့ အမေရိကန်နဲ့ တစ်ဖက်တည်းပါပဲ လို့ ဆိုပါတယ်။
ဂျာမဏီက ရုရှားဆီကနေ တစ်နှစ်ကို ကန်ဒေါ်လာ ၁၁ ဘီလီယံဖိုး နော့စထရင် ၂ ပိုက်လိုင်းကနေ ဝယ်သုံး နေရတာပါ။
အဲ့ဒိလို အနေအထားမှာ ရုရှား- ယူကရိန်း ပြဿနာထဲကို ဂျာမဏီကို ဆွဲထည့်ဖို့ ရာ မဖြစ်နိုင် ဘူးလို့ အမေရိကန်လွှတ်တော်အမတ်တွေက သုံးသပ်ထားပါတယ်။
နောက်ပြီးတော့ အဲ့ဒိ နော့စထရင်၂ ကို ဒီဇိုင်းရေးဆွဲထားတာကလည်း ဂျာမဏီရဲ့ အရင်းအနှီးဖြစ်တဲ့အတွက် ရုရှား နဲ့ ရင်ဆိုင်ဖို့က အီးယူရဲ့ အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဂျာမဏီအနေနဲ့ မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်ထားကြပါတယ်။
ဥရောပ အနောက်ပိုင်း နိုင်ငံတွေကို ပို့တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေက ယူကရိန်းနိုင်ငံကို ဖြတ်ပြီး ပိုက်လိုင်းတွေနဲ့ ပို့နေတာကိုက ဥရောပရဲ့ လုံခြုံရေးကို ထိခိုက်ရာ ရောက်တယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ရှုံ့ချနေကြပါတယ်။
အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး အစကတည်းက အမေရိကန်က ပြောနေပါတယ်။ ဒါပေမဲ့ ရုရှားရေနံ နဲ့ သဘာ၀ ဓာတ်ငွေ့တွေကို ဥရောပ အလယ်ပိုင်း နဲ့ အရှေ့ဖျားနိုင်ငံတွေ မှီခိုနေရတာကိုက ဥရောပကို ရုရှားသြဇာလွှမ်းမိုးနေရတဲ့ ကိစ္စဖြစ်ပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ ဂျာမဏီအဓိပတိ အိုလက်ဖ်ရှိုးဇ် ကတော့ နော့စထရင်း ၂ နဲ့ ပတ်သက်ပြီး ရေရေရာရာ ဆုံးဖြတ်ချက် ဘာတစ်ခုမှာ မပေးခဲ့ပါဘူး ။
မောင်ယဿ
REF: UPI, Photo : UPI
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment