MNP ၊ ဖေဖော်ဝါရီ ၉
ယနေ့ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေလင်းအား နေအိမ်မှ ရုံးအသွား မြရတနာကန်ဘောင်အနီးတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် သုံးချက်ပစ်သတ်သွားကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများ၏ မင်္ဂလာဒုံအမျိုးသားအစည်းအရုံး facebook တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ သင်္ဃန်းကျွန်းကြီး ရပ်ကွက်အတွင်း NLD အစွန်းရောက်များက အကြမ်းဖက်လှုံ့ဆော်မှုများ၊ ဆဲဆိုရမ်းကားမှုများ အလွန်အကျူးပြုလုပ်နေသည့်အပြင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေမှုများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အရေးယူဆောင်ရွက်ခြင်း မရှိသဖြင့် NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများ အတွက် ဆိုးသွမ်းနယ်မြေ ဖြစ်နေကြောင်း သိရသည်။
မင်္ဂလာဒုံအမျိုးသားအစည်းအရုံး facebook page သည် NLD အစွန်းရောက်များ၏ စာမျက်နှာဖြစ်ပြီး အမျိုးသားရေးအသွင်ယူ၍ အကြမ်းဖက်လှုပ်ရှားမှု သတင်းများကို ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment