ဒီမိုကရေစီအရေခြုံ အစွန်းရောက် အကြမ်းဖက် NLD - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒီမိုကရေစီအရေခြုံ အစွန်းရောက် အကြမ်းဖက် NLD





မဲလိမ် မဲခိုး၍ တိုင်းပြည်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးစားခဲ့သူများသည် ၎င်းတို့၏ ဂုဏ်ထူးဝိသေများကို ထူးကဲသည်ထက် ထူးကဲသာလွန်အောင် လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။ တစ်နှစ်တာကာလအတွင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၀၀၀ ကျော်ကို လုပ်ကြံသတ်ဖြတ် ခဲ့ကြသည်။ နိုင်ငံတော်ပိုင်အဆောက်အဦများ ဖောက်ခွဲဖျက်ဆီးမှုမှာ တန်ဖိုးမှာ မရေတွက်နိုင်တော့ပေ။ အပြစ်မဲ့ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်နေကြရသည့် ပြည်သူများစွာဖြစ်လာသည်။

မီဒီယာစာမျက်နှာများတွင် မဲသူခိုး NLD ပါတီမှ အစွန်းရောက် အကြမ်းဖက်များ၏ လုပ်ရပ်များသည် အကြမ်းဖက်မှုအဖြစ် ဖော်ပြခြင်း မရှိတော်လှန်ရေးဟု ဖော်ပြနေကြသည်။ NLD အကြမ်းဖက်သမားများက မီဒီယာအင်အားဖြင့် ပြည်သူအချင်းချင်း ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ပြီး ပွဲခံနေကြခြင်းဖြစ်သည်။ မည်သို့ပင် လိမ်ညာဖန်တီး ဖော်ပြနေစေကာမူ မဲသူခိုး NLD ပါတီသည် လူမဆန်စွာ လုပ်ကြံသတ်ဖြတ်မှုများ ပြလုပ်နေသည့် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ရပ်တည်နေခြင်း ဖြစ်သည်။

တိုင်းပြည်တွင်းဖြစ်ပေါ်လျက်ရှိသော အခြေအနေမှန်ကို ထောက်ရှု၍ NLD ပါတီ၏ ဝိသေသအပြည့်အစုံကို ပြောရမည်ဆိုပါလျှင် မဲလိမ် မဲခိုး အစွန်းရောက် အကြမ်းဖက် တိုင်းတပါးလက်ပါးစေ ပြည်ပြေး နိုင်ငံရေးလုပ်စားသူများ စုဖွဲ့ထားသည့် အစုအဖွဲ့ကို NLD ပါတီဟု ခေါ်ဆိုရမည်ဖြစ်သည်။

နိုင်ငံရေးလုပ်စားသူများဦးဆောသည့် NLD ပါတီမှ အစွန်းရောက် အကြမ်းဖက်အဖွဲ့မျိုးစုံကိုဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်သမားများအဖြစ် အသုံးချခံဖြစ်နေသော NLD ထောက်ခံသူများ၏ ရက်စက်ယုတ်မာမှုများသည် ကမ္ဘာအရပ်ရပ်က အဆိုးရွားဆုံးအဖြစ် သတ်ဖြတ်ထားသော အယ်ခိုင်းဒါး၊ IS တို့ထက်ပင် လူမဆန်စွာ ယုတ်မာ ရိုင်းစိုင်းသော အခြေအနေသို့ ရောက်ရှိနေပြီကို လေ့လာတွေ့ရှိရသည်။

၎င်းတို့၏ လုပ်ရပ်တိုင်းသည် ထင်ရှားပါသည်။ NLD ပါတီမှ နိုင်ငံရေးလုပ်စားသူများကို ထောက်ခံသည့် NLD ထောက်ခံသူ အကြမ်းဖက်သမားများက ရန်ကုန်မြို့ပေါ်တွင် စက်ရုံများ၊ စူပါမားကတ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။ ရန်ကုန်မြို့တွင် မီးရထား ရပ်တပ်ဖွဲ့ဝင်များကို NLD အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့ပေါ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လည်လှီးသတ်၍ တာယာကွင်းဖြင့်ပုံကာ မီးရှို့သတ်ဖြတ်ခဲ့သဖြင့် မီးကျွမ်းနေသော အလောင်းကောင်ကိုသာ ရရှိခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် NLD အစွန်းရောက် အကြမ်းဖက်များသည် အဆိုးရွာဆုံးအခြေအနေ ရက်စက်ယုတ်မာခဲ့ကြသည်။ ရဲစခန်းမှူးတစ်ဦးကို လက်ဖြတ်ခြေဖြတ်၍ မသေမရှင်ထားပြီး ဗွီဒီယိုမှတ်တမ်း ရိုက်၍ ဖြန့်ဝေခဲ့သည်။ ၎င်းတို့၏ လူမဆန်စွာ ရက်စက်ယုတ်မာမှုကို ၎င်းတို့ကိုယ်တိုင်ပင် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ဆွမ်းဘုန်းပေးနေသည့် သံဃာတော်ကိုပင် NLD အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြပါတယ်။ လက်နက်မဲ့ ဆရာ/ ဆရာမများကို လုပ်ကြံသတ်ဖြတ်ခဲ့တာလည်း NLD တွေပဲ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာမှဆိုရင် ဦးညွန့်ခိုင်ကို မသတ်ရလို့ ဦးညွန့်ခိုင်ရဲ့ မိသားစုဝင် ၄ဦး အထိ သတ်ပစ်လိုက်ကြတာလည်း NLD ပါပဲ။

စာရေးသူက NLD လို့ ဘာကြောင့် ရေးရသလဲဆိုရင် CRPH, NUG, PDF အစရှိသဖြင့် အဖွဲ့မျိုးစုံကို ဖွဲ့စည်းထားတာဟာ NLD ဖြစ်နေလို့ပါပဲ။ ပင်မ NLD မှ CRPH, NUG, PDF ကိုင်းကွဲများအပြင် Zero ပျောက်ကျား၊ မြို့ပြပျောက်ကျား၊ Yangon PDF, Mandalay PDF အစရှိသော အမည်များကို လိုက်လံ ရေတွက်၍ပင် ကုန်နိုင်ဖွယ်မရှိ။ အားလုံးသည် မဲသူခိုး NLD ပါတီမှ ပေါက်ဖွားလာသော အကြမ်းဖက်သမားများဖြစ်ပါသည်။


လက်တလော ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များတွင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က ပုလဲမြို့နယ်၊ အင်မထီးကျေးရွာတွင် အပြစ်မဲ့ ရွာသားများကို သတ်ဖြတ်၍ နေအိမ်ပေါင်း ၂၀၀ ကျော်ကို မီးရှိုံ့ဖျက်ဆီးသွားသော လုပ်ရပ်က မဲသူခိုး NLD မှသည် အစွန်းရောက် အကြမ်းဖက် NLD ဖြစ်သည် ဟူသော သရုပ်မှန်ကို ၎င်းတို့၏ လုပ်ရပ်က သက်သေခံလျက်ရှိပါသည်။

NLD အစွန်းရောက်များ လူစိတ်မရှိကြတော့သည်ကို အကြမ်းဖက်ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည့် အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများ၏ ရင်ဖွင့်သံများက သက်သေခံလျက်ရှိပါသည်။ အကြမ်းဖက်ဘေးအန္တရာယ်သင့် တောင်သူတစ်ဦးက “ကျွန်တော်တို့ ဘဝက တောင်သူတွေပါဗျာ။ အဲဒါကိုမှ ရက်ရက်စက်စက် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အားလုံးကို သတ်ရသလဲ။ ကျွန်တော် အဲဒီမေးခွန်း မေးချင်ပါတယ်။ အခု ဒီမှာ ကြည့် ကျွန်တော်တို့ မိသားစု ဘယ်လောက် ဘဝပျက်သွားပြီလဲ။ ကျွန်တော်တို့ ရွာမှာ ရှိတာ တောင်သူ။ ကျွန်တော်တို့ လုပ်စားနေကြတယ်။ ကျွန်တော်တို့ ရှိစုမဲ့စုလေးတွေ နေအိမ်၊ ဆိုင်ကယ်၊ မီးစက်၊ စပါးတွေ၊ ပဲခင်းတွေ မီးလောင်တုန်း၊ မနှစ်က ကုလားပဲအကျန်တွေ၊ မြေသြဇာတွေ၊ ဆီပုံးတွေ၊ ဆန်အိတ်တွေ၊ နွားစာစဉ်းစက်တွေ ကျွန်တော်တို့ ဘယ်လိုတည်ဆောက်ကြမလဲ။ အဲဒီတော့ ကိုယ်ချင်းစာပေးပါ။ အခု ဒီမှာ လှည်းတစ်စီးတောင် တစ်ခြမ်းလောင်သွားတယ်။ ကျွန်တော်တို့ နွားနဲ့ဖက်ရုန်းရတဲ့ တောင်သူတွေ။ ဘာမှ မသိဘူးဗျ။ အဲဒီ မသိတဲ့ လူတန်းစားကိုမှ ဘာဖြစ်လို့ အနိုင်ကျင့်ရတာလဲ။ ကျွန်တော်တို့ တခြားအကြောင်း အရာတွေ ဘာမှ မသိဘူးဗျာ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဘဝလေး ငြိမ်းငြိမ်းချမ်းချမ်းနေတာကိုမှ ပြည်သူလူထု၊ သက်ကြီးရွယ်အို၊ ကလေးတွေ အိုးမဲ့အိမ်မဲ့ဖြစ်အောင် ဒုက္ခရောက်အောင် ဘာကြောင့်များ လုပ်ချင်တာတုန်း။ နည်းနည်းလေး စဉ်းစားပေးပါလား။ ကျွန်တော်တို့ နေရာမှာ ခင်ဗျားတို့ ကိုယ်တိုင် ခံစားပေးပါလား။ ကျွန်တော်တို့ သားသမီးတွေ ဘယ်လိုလုပ် ကျောင်းထားတော့မလဲ။ အဲဒါမျိုး ကိုယ်တိုင် ခံစားကြည့်ပြီးမှ လုပ်ရင် ပိုမကောင်းပေဘူးလားဗျာ။ အခု ကျွန်တော်တို့ ဘဝတွေ ပျက်သွားပြီ။ လမ်းပေါ် ရောက်သွားပြီ" လို့ တွေ့ကြုံခံစားခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

ပြာပုံဖြစ်သွားသော အင်မထီးရွာမြင်ကွင်းကို မျက်ကွယ်ပြု၍ မရတော့။ အကြမ်းဖက်လော်ဘီ ပြည်ဖျက်မီဒီယာများ သိသင့်သည်မှာ အင်မထီးရွာမှ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ပြီး ရွာကို မီးလောင်တိုက်သွင်းသွားသူများမှာ တပ်မတော်သားများမဟုတ်၊ တော်လှန်ရေးသမားကြီးများ၊ လူစွမ်းကောင်းကြီးများအဖြစ် မီဒီယာစာမျက်နှာထက်တွင် ဈာန်းတင်ဖော်ပြနေသော NLD အစွန်းရောက် PDF အကြမ်းဖက်သမားကြီးမားက ကျူးလွန်သွားခဲ့ခြင်းဖြစ်သည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို လူမဆန်စွာ ရက်စက်ယုတ်မာခွင့် ရနေခြင်းမှာ NLD အစွန်းရောက် အကြမ်းဖက်သမားများက တော်လွန်း၍လား ဟု မေးခွန်းထုတ်စရာရှိလာသည်။ လက်နက်မဲ့ ပြည်သူကို လက်နက်ဖြင့် အနိုင်ကျင့်ခြင်းသည် လူတော်များ၏ အလုပ်မဟုတ်၊ လူကောင်းများကလည်း ထိုသို့မလုပ်။ လူယုတ်မာများ၏ လုပ်ရပ်သာဖြစ်သည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ အဘယ်ကြောင့် ထိုကဲ့သို့ ရက်စက်ယုတ်မာခွင့် ရနေပါသနည်းဟု မေးခွန်းထုတ်ပါမူ တာဝန်ရှိသူများ၏ တာဝန်မဲ့မှု၊ ဥပဒေမလေးစားမှုကြောင့်သာ ဖြစ်သည်။ အရှင်းဆုံး ပြောရမည်ဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အပြစ်မဲ့ ပြည်သူများထက် အကြမ်းဖက်သမားများအပေါ် ငဲ့ညှာသည်။ အပြစ်မဲ့ ပြည်သူများ လုပ်ကြံသတ်ဖြတ်ခံရမည်ကို မစဉ်းစားဘဲ အကြမ်းဖက်သမားကို ငဲ့ညှာနေခြင်းသည် အပြစ်မဲ့ ပြည်သူများကို သေတွင်းထဲ တွန်းပို့နေခြင်းပင်ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လူကြီးများက ဥပဒေစိုးမိုးရေးဟု မည်မျှပင် အသံကောင်း ဟစ်နေစေကာမူ အကြမ်းဖက်နှိမ်နင်းရေးအတွင် အဓိက ကိုင်တွယ်ဆောင်ရွက်နေကြသော မြို့နယ်အဆင့်၊ ခရိုင်အဆင့် ရဲ၊ ထွေအုပ်များမှာ အခွင့်သာခိုက် ဝိုက်လိုက်မည်ဟူသော ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်သမားများထံမှ လာဘ်လာဘယူ၍ အကြမ်းဖက်ခွင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုနေခြင်းက အပြစ်မဲ့ ပြည်သူများ အတိဒုက္ခရောက်ရသည့် အကြောင်းအရင်းများဖြစ်လာသည်။

ဆရာတော်ကြီးတစ်ပါးက လူဆိုးများ၍ လူကောင်းနည်းပုံကို သာဓကဆောင်၍ ဟောကြားခဲ့သည်ကို အမှတ်ရမိသည်။ လူ ၁၀၀ ရှိရင် လူဆိုးက ၈၀ ရှိပြီး လူကောင်းက ၂၀ ပဲ ရှိတယ်။ လူကောင်း ၂၀ က လူဆိုး ၈၀ ကို အသိတရားရလာအောင် လုပ်နိုင်ဖို့ မသေချာဘူး။ လူကောင်း ၂၀ က တဖြည့်ဖြည်းနဲ့ လူဆိုးစာရင်ထဲ ပါသွားကြတယ်။ သရက်သီး အလုံး ၁၀၀ ထဲမှာ အပုပ် ၂လုံးပါတယ်။ ကျန်တဲ့ အကောင်းတွေက အပုပ် ၂လုံးကို အကောင်းဖြစ်အောင် မလုပ်နိုင်ပေမယ့် အပုပ် ၂လုံးကနေ တဖြည်းဖြည်းနဲ့ အပုပ်တွေချည်း ဖြစ်သွားရသလိုပဲတဲ့။ အဲဒီလို အကျင့်ပျက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တပ်မတော်က မြို့နယ်၊ ခရိုင် အသီးသီးမှာ တပ်မတော်အရာရှိတွေ ချထားပေးတယ်။ အကျင့်ပျက်တွေက သူတို့နဲ့ ပူးပေါင်းဖို့ ငွေနဲ့ စည်းရုံးတယ်။ အားလုံးကို သိမ်းကြုံး မပြောလိုဘူး။ အတော်များများ လုပ်စားနေကြပြီ။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာရှင်အဖြစ် သွပ်သွင်းပြီး ကိုယ်ကျိုးရှာလိုတဲ့ အမှုထမ်း၊ အရာထမ်းတွေက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ သဘောမျိုး လုပ်နေကြတယ်။ NLD အစွန်းရောက် အကြမ်းဖက်သမားကို မိထားလျက်နဲ့ပင် အကြမ်းဖက်သမားဆီက ငွေယူပြီး အကြမ်းဖက်သမားကို လွှတ်ပေးတယ်။ အကြမ်းဖက်မဖက်နိုင်တဲ့သူကို အကြမ်းဖက်သမားပါဆိုပြီး အစားထိုးတဲ့ လုပ်ရပ်တွေတောင် လုပ်လာကြတယ်။ အာဏာရှင်ဖြစ်တယ်ဆိုတာ နော်ဝေသံအမတ်ကြီး ပြောသလိုပဲ။ လူကြီးတွေက ဥပဒေနဲ့အညီ လုပ်နေပါတယ်လို့ တဖွဖွပြော၊ အောက်က လူတွေက ကိုယ့်သဘော ကိုယ်ဆောင်ပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်။ ပြီးတော့ ဘုန်းတော်ကြောင့် သာယာအေးချမ်းလျှက်ရှိကြောင်းပါလို့ လျှောက်တင်ကြ။

နောက်တစ်ချက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အပြစ်မဲ့ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို အလေးထားကာကွယ်ရမည့်အစား တိုင်းဖျက်ပြည်ဖျက် မီဒီယာများက ပုံဖျက်မည်ကို ကြောက်သည်၊ နိုင်ငံတကာက ဖိအားပေးမည်ကို ကြောက်သည်၊ အကြောက်တရားများကြောင့် ပြည်သူကို စတေးသည့် သဘောမျိုးဖြစ်နေသည်။ အကြောက်တရားများဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စကို တိကျ ပျက်သွားစွာ မဆောင်ရွက်ပါက နစက လူကြီးများသည်လည်း အဂတိလိုက်စားသူများဟုပင် ဆိုရပေမည်။ ဥပဒေနှင့်အညီ လုပ်သင့်တာကို မလုပ်၊ ဥပဒေအလွဲသုံးစား မလုပ်သင့်တာကို လုပ်ခြင်းသည် အဂတိလိုက်စားမှု မြောက်သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ အတိအလင်း ဖော်ပြထားသည်ကို ထောက်ရှုသောအားဖြင့် ဥပဒေနှင့်အညီ အကြမ်းဖက်နှိမ်နင်းရေး လုပ်ဆောင်ရန် ပျက်ကွက်နေသူ အားလုံးသည် အဂတိမကင်းသူများပင် ဖြစ်သည်။

တိုင်းဖျက် ပြည်ဖျက် မီဒီယာများ၊ အစဉ်တစိုက် ဖိအားပေးနေသော တိုင်းပြည်များအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က NLD အစွန်းရောက် အကြမ်းဖက်သမားများ အပေါ် ငဲ့ညှာနေ၍ အကောင်းမြင် ရှုမြင်ပြောဆိုခြင်း၊ အကောင်းမြင် ရှုမြင်ရေးသားခြင်း ဘယ်နှကြိမ်ဆောင်ရွက်ပေးပါသလဲ ပြန်လည်သုံးသပ်သင့်ပေပြီ။ ညှာတာ စာနာလေ မိုးမဆုံး မြေမဆုံး လှုံ့ဆော်မှိုင်းတိုက်လေ လုပ်ဆောင်နေသည်ကို သတိမပြုဘဲ အပြစ်မဲ့ ပြည်သူများကို စတေးပြီး အကြမ်းဖက်သမားများကို စာနာနေခြင်းက မိုက်မဲလွန်းသော လုပ်ရပ်သာဖြစ်သည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများ လွန်စွာဆိုးရွား သောင်းကျန်းနေသော ဒေသများမှ ပြည်သူများ၊ ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း၊ အခြားဝန်ထမ်းများအနေဖြင့် ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်သမားများက ရန်ပြုစော်ကားနိုင်ခြေရှိပါက ဝေးရာကိုသာ ရှောင်ရှားနေကြရန် အကြံပြုအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို များစွာ အားကိုးခဲ့ပါသည်။ များစွာ အလေးထားခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်နှစ်တာကာလ လွန်မြောက်လာသည့်တိုင်အောင် တလွဲဆံပင်ကောင်းနေဆဲ၊ အပြစ်မဲ့ ပြည်သူများကို စတေးနေဆဲ၊ ဥပဒေနဲ့အညီ ဥပဒေစိုးမိုးရေးဟု အသံကောင်းဟစ်၍ မင်းမဲ့စရိုက်ဆန်ဆန် မိုက်လုံးထွား ရမ်းကားခွင့် ပြုထားဆဲ ဖြစ်နေသည်။

လေ့လာသူများ၏ သုံးသပ်ပြောဆိုချက်များအရ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လက်ထဲတွင် ပိုမိုကောင်းမွန်သော လက်နက်များ ရှိနေနိုင်သည်။ တပ်မတော်ကို အခက်တွေ့စေလိုသော တိုင်းရင်းသား လက်နက်ကိုင်များကလည်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများကို သွေးထိုးမြှောက်ပင့်ပေးနေသည် အခြေအနေရှိသည်။ ဖိဖိစီးစီး နှိမ်နင်းပါမှ နိုင်နင်းမည်။ ပြည်သူများအတွက် လွန်စွာ အန္တရာယ်များသည်ဟု သုံးသပ်ထားသည်။


ကျွန်တော်တို့ ပြည်သူများသည် အာဏာကို လုနိုင်သူများလည်း မဟုတ်၊ အာဏာလုမည့် ပြည်သူများလည်း မဟုတ်။ ပြည်သူတွေ ကာကွယ်ပေးနိုင်လောက်သည့် လုံခြုံရေးအင်အား မရှိလျှင် ပြည်သူ့အင်အားဖြင့် ကာကွယ်နိုင်ရန် စီစဉ်ပေးရမည်။ ထိုသို့ စီစဉ်ပေးခြင်းလည်း မရှိ။ အသေခံခိုင်းခြင်း သဘောသည် ထင်ရှားနေသလိုဖြစ်၏။

NLD အစွန်းရောက် အကြမ်းဖက်များ အနေဖြင့် ဒီမိုကရေစီတော်လှန်ရေးဟု ဒီမိုကရေစီအရေခြုံထားစေကာမူ ၎င်းတို့၏ လုပ်ရပ်များသည် ဒီမိုကရေစီစံနှုန်းနှင့် တိုင်းတာ၍ ရသော အချက်တစ်ချက်မျှ မရှိ။ အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များ၊ လုပ်ပုံလုပ်နည်းများကို ကျွန်ုပ်တို့ လေ့လာခဲ့ဖူးသည်။ အကြမ်းဖက်သမားများတွင် ပစ်မှတ် ဘယ်သူဟူ၍ မရှိ။ လွယ်တဲ့သူကို ဖမ်းသည်။ ရက်ရက်စက်စက် သတ်ပြသည်။ ဤသည်ကား အကြမ်းဖက်သမားများ၏ လုပ်ရပ်ဖြစ်သည်။ ကမ္ဘာ့အဆိုးရွား အရက်စက်ဆုံး IS က လူကို မြေတွင် ကိုယ်တစ်ပိုင်းမြှုပ်၍ ခဲနဲ့ထုသတ်သည်။ လူမြင်ကွင်းတွင် ကြိုးနဲ့ဆွဲ၍ လည်လှီးသတ်သည်။ NLD အစွန်းရောက် အကြမ်းဖက်များကို လူအရှင်လတ်လတ်ကို မီးပုံတွင်း ပစ်ချ၍ မီးရှို့သတ်သည်။ မသေမရှင် လက်ဖြတ်၊ ခြေဖြတ်၍ သတ်သည်။ မီးကျွတ်ကျွတ်ကျွန်းအောင် တာယာကွင်းပုံ၍ မီးရှို့သတ်သည်။ ဒီမိုကရေစီအရေခြုံ NLD, CRPH, NUG, PDF နှင့် မြောက်များလှစွာသော NLD မှ ပေါက်ဖွားသည့် နီပိန်းအကြမ်းဖက်သမားများ၏ အန္တရာယ်ကို သတိတမန်၊ ဉာဏ်ကို မြေကတုတ်လုပ်၍သာ ကာကွယ်ကြပေတော့။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

http://www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)