မြောင်းမြမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ မြရတနာကျောင်းသား (၂) ထပ်အိပ်ဆောင်ဖွင့်ပွဲအား ဧရာဝတီ တိုင်းဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ မြရတနာကျောင်းသား (၂) ထပ်အိပ်ဆောင်ဖွင့်ပွဲအား ဧရာဝတီ တိုင်းဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်


MNP - ဖေဖော်ဝါရီ    ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ မြရတနာ ကျောင်းသား (၂) ထပ်အိပ်ဆောင် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီက အဆိုပါ မြရတနာ အိပ်ဆောင် အဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အလှပန်းအစဉ်ဖြာဝေ ကျောင်းသီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့က အိပ်ဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်း ကျောက်စာအား အမွေးနံ့သာများဖြင့် ပက်ဖျန်းကြသည်။ ၎င်းနောက် ကျောင်းဆောင်သစ်အား တာဝန်ယူဆောက်လုပ်သည့် စည်သာရွှေသွေးကုမ္ပဏီမှ အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ပြီး အမှတ်တရ ဓာတ်ပုံမှတ်တမ်းရိုက်ကူးကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့တို့က နှစ်ထပ်အိပ်ဆောင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြောင်းမြစိုက်ပျိုးရေးသိပ္ပံကျောင်းသည် ၁၉၅၆ခု နှစ်မှစ၍ စိုက်အ.ထ.က စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာန လက်အောက်တွင်ရှိပြီး၊ စိုက်အ.ထ.ကမှ  ၁၉၈၂ ခုနှစ်တွင်စိုက်ပျိုးရေးသိပ္ပံအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ၁၉၉၇ ခုနှစ် တွင် စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ ရောက်ရှိခဲ့ရာ ၂၀၁၂ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနအောက်သို့ လွှဲပြောင်းရောက်ရှိခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၂၀၂၀ ခု နှစ်ထိ အောင်မြင်ခဲ့ပြီး ကျောင်းသား/သူဦးရေ (၂၂၆၃) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး၊ ယခုလက်ရှိတွင် ဒုတိယနှစ် ကျောင်းသား(၃၆)ဦး၊ ကျောင်းသူ(၃၀)ဦး၊ စုစုပေါင်း(၆၆) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ယခုဆောက်လုပ်ပြီးစီးသွားသည့် မြရတနာကျောင်းသား (၂) ထပ်အိပ်ဆောင်သည် နိုင်ငံတော်အစိုးရ၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်းရန်ပုံငွေမှ ကျပ်သန်း (၂၇၆.၈၀) သန်းခွင့်ပြုခဲ့ပြီး၊ စည်သာ ရွှေသွေးကုမ္ပဏီမှ ကျပ်သန်း (၂၇၁.၂၆၄) သန်းဖြင့် တင်ဒါအောင်မြင်ကာ တာဝန်ယူ တည်ဆောက်ပြီးစီး ခဲ့ကြောင်း စိုက်ပျိုးရေးသိပ္ပံကျောင်းမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)