ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာတွင် (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာတွင် (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

 


MNP - ဖေဖော်ဝါရီ      ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ယခု ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမခြောက်လပတ်ဘတ်ဂျတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ခြင်းလုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။                                                                                       

ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာတွင် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ခြင်းကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေကျပ် သိန်း(၁၀၀) ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် (၈)သိန်းခွဲဖြင့် လမ်း အရှည်ပေ ၆၄၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများကိုယ်တိုင် တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကျေးရွာမှာ မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့ (VDP)စီမံကိန်းရန်ပုံငွေနဲ့ ကျေးရွာတွင်း လမ်းတွေကို ရာသီမရွေး သွားလာနိုင်ရေးအတွက် မြေနီကျောက်စရစ် လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးတာ ဖြစ်ပါတယ်။ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက်  (VDP)စီမံကိန်း ရန်ပုံငွေကျပ် သိန်း(၁၀၀) နဲ့ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ (၈)သိန်းခွဲဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုတော့ ကျေးရွာနေပြည်သူတွေ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရေး ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိ‌စေရေး စတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် ကျွန်တော်တို့ ကျေးရွာနေပြည်သူတွေ ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ပြီး  ကျေးရွာတွင်းလမ်းကို ‌မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါတယ်။ လမ်းလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်နှင့် အချိန်မီ ပြီးစီးစေရန်အတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လိုအပ်တဲ့ နည်းပညာများ ပံ့ပိုးကူညီပေးခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက် ကျေးရွာမှ ဒေသခံပြည်သူ ဦးကျော်ဆန်း က ပြောသည်။   

သတင်း - ရဲဝင်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)