စဉ့်ကိုင်မြို့နယ်တွင် ကျေးရွာရာအိမ်မှူးတစ်ဦးအား PDF အကြမ်းဖက်သောင်းကျန်းသူများ လုပ်ကြံသတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် ကျေးရွာရာအိမ်မှူးတစ်ဦးအား PDF အကြမ်းဖက်သောင်းကျန်းသူများ လုပ်ကြံသတ်ဖြတ်



MNP ၊ ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ကျေးရွာရာအိမ်မှူးတစ်ဦးအား PDF အကြမ်းဖက်သောင်းကျန်းသူများက ဖေဖော်ဝါရီ ၁၃ရက် ညပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။


လုပ်ကြံသတ်ဖြတ်ခံရသူမှာ စဉ့်ကိုင်မြို့နယ်၊ နန်းနီကျေးရွာအုပ်စု၊ မြောက်အင်းကျေးရွာရာအိမ်မှူး ဦးကျော်သင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ရက် ညပိုင်းတွင် PDF အကြမ်းဖက်သောင်းကျန်းသူများက ကျေးရွာအတွင်း ဝင်ရောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


PDF အကြမ်းဖက်အဖွဲ့သည် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ထွေအုပ်ရုံးအပါအဝင် မီးရထားသံလမ်းကူးတံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများအား ဖောက်ခွဲဖျက်ဆီးမှုများလုပ်ဆောင်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်ရွံ့စွာ သွားလာနေထိုင်နေရကြောင်း သတင်းရရှိသည်။


သတင်း - သီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)