စမြုံတော်ဓာတ်နှင့်ဂူဝဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စမြုံတော်ဓာတ်နှင့်ဂူဝဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပ








MNP - ဖေဖော်ဝါရီ    ၁၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် စစ်တွေ-ရန်ကုန်ကားလမ်းမဘေးတွင် တည်ရှိသော စမြုံတော်ဓာတ်နှင့်ဂူဝဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဂေါပက အဖွဲ့မှ ကြီးမှူးပြီး၊ ယနေ့၊ နံနက်(၉)နာရီ က ဝိမုတ္တိသုခပြည်လုံးချမ်းသာ လျောင်းတော်မူဘုရားကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲ၊ သံဃာ့ဒါန ဆွမ်းကျွေးပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အခြားပျော်ပွဲ၊ ရွှင်ပွဲတို့ဖြင့် နှစ်စဉ်နှစ်တိုင်း အစဉ်လာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဗုဒ္ဓပူဇနိယဘုရားပွဲတော်အတွင်း အနယ်နယ်အရပ်မှ ဘုရားဖူးခရီးသည်များဖြင့် အထူးစည်ကားလျက်ရှိပြီး၊  ယနေ့၊ နေ့လည်(၁)နာရီက စမြုံတော်ဓာတ်နှင့် ဂူဝ ဘုရားစောင်းတန်းတစ်လျှောက်တွင်   ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ  ဘုန်းတော်ကြီးကျောင်းတိုက်များ အသီးသီးတို့မှ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာ တော်အပါး(၂၅၀)ခန့်နှင့်သာသနာ့နွယ်ဝင်သီလရှင်(၂၀)ကျော်တို့ကို စေတနာရှင်ပြည်သူတို့က ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား သဒ္ဒါတရား ထက်သန်စွာ လောင်းလှူပေးခဲ့ကြကြောင်း သိရသည်။

စမြုံတော်ဓာတ်စေတီကို သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် အမြင့်ပေ ၂၃၀ ရှိ သလ္လာ မယတောင် ထိပ်တွင် ရခိုင် ဓညဝတီပြည်ရှင် သူရိယစက္ကမင်းကြီး တည် ထားကိုးကွယ်ခဲ့သော ဗုဒ္ဓဗျာဒိတ်တော်ဝင် စမြုံတော်ဓာတ်စေတီဟု ခေါ်တွင်ခဲ့သော ဓာတ်တော်တစ်ဆူဖြစ်ပြီး၊ ဂူဝ ဘုရားကိုလည်း ရခိုင် မင်းဗာဘုရင်မင်းမြတ်က ကောဇာသက္ကရာဇ် ၈၉၇ ခုနှစ်တွင် အမြင့်ပေ ၂၂ ပေ ရှိသော ကျောက်တုံး ကြီးကို ဂူပေါက် ၁၁ ပေါက် ဖောက်ထွင်းကာ ဂူဘုရားများ ထွင်းထုပြီး တည်ထား ကိုးကွယ်တော်မူခဲ့ သော   သမိုင်းဝင်ဓာတ်တော်   တစ်ဆူဖြစ်ကြောင်းဘုရားသမိုင်း အထောက်အထားအရ လေ့လာသိရှိရသည်။

သတင်း - နီထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)