မြို့သစ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


MNP - ဖေဖော်ဝါရီ    ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို မြို့သစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများမှပြည်သူများ လာရောက်ထိုးနှံကြပြီး မြို့သစ်မြို့နယ်၌ COVID Shield ကာ ကွယ်ဆေးကို မြို့နယ်အတွင်း (လုံးဝ)မထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအားလုံးကို ထိုးနှံပေးမှာဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ထို့ပြင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထ မအကြိမ်ထိုးနှံပြီးသည့် ပြည်သူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရသည်။

 သတင်း - သန်းဝင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)