MNP ၊ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊မြောက်ဦး မြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက်၊ ရှေ့ပြေး လေ့ လာမှုအနေဖြင့် ရေအသုံးချမှုဆိုင်ရာပညာရှင်ဖြစ်သည့် အီတလီနိုင်ငံသား၊ Professor Massimo Sarti နှင့် အဖွဲ့က ၈.၂.၂၀၂၂ ရက်နေ့တွင် မြောက်ဦးမြို့သို့ရောက်ရှိလာပြီး၊ ကွင်းဆင်း လေ့ လာလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြောက်ဦးမြို့ရှေ့ဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေး ကော်မတီ ဥက္ကဌ ဒေါ်ခင်သန်း၊ ရခိုင်သဟာယအသင်းမှ ဒေါ်မြစံပါယ်ညွန့်၊ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း မှ ဒေါက်တာတင်မာအောင် ရှေ့ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ညွန်ကြားရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကြည်ခင် တို့ပူးပေါင်းပါ အဖွဲ့က ကွင်း ဆင်းလေ့လာ လျှက်ရှိကြောင်းသိရသည်။
ရေအသုံးချရေးဆိုင်ရာပညာရှင်ဖြစ်သည့် အီတလီနိုင်ငံသား Professor Massimo Sarti နှင့် အဖွဲ့သည် မြောက်ဦးမြို့ဝင် ရေလမ်းကြောင်းများဖြစ်သော၊ ကျောက်ရာဇ်ကေချောင်း၊ ငွေတောင် ပေါက်ချောင်း၊ တောင်ဖြူကျုံး၊ မင်းသမီးပေါင်း၊ ပန်းဈေးမြောင်းချောင်း၊ လက်ဆည်ကန်နှင့် အနူမ ကန် တို့ကို လေ့လာကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းလေ့လာချက်များအရ ယခင်ကရေအသုံးချမှုစနစ်များကို ကျေနပ်ဖွယ်ရာ တွေ့ရှိ ရကြောင်းနှင့်ရေကို အသုံးပြုပြီးတော့ ကာကွယ်ရေးစနစ်တွေ ဆောင်ရွက်တဲ့နေရာမှာ ရေကို အသုံးချ၍ဆောင်ရွက်ခဲ့တဲ့အတွက် အားရကျေနပ်ဖွယ်ရာများ ကိုတွေ့ရှိရ ကြောင်း သိရသည်။
မြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာမူချော့ ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့က ယူနက်စကိုသို့ တင်သွင်းခဲ့ပြီးဖြစ်၍ ယခုလာမည့် ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှ ပညာရှင်များက လာရောက် ကွင်းဆင်းလေ့လာကြမည်ကို သိရှိရသည်၊၊ မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင် မင်းအဆက်ဆက် ထီးနန်းစိုးစံအုပ် ချုပ်ခဲ့သည့် ရှေ့ ဟောင်း သမိုင်းဝင် အမွေအနှစ်များကို ရေရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန် လိုအပ်လျှက် ရှိ၍ ယခုအခါ ယူနက်စကိုမှ ကွင်းဆင်းလေ့လာဆောင် ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment