ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၉၉% ထိုးနှံပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၉၉% ထိုးနှံပြီးစီး

 


MNP -  မတ်  ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲ ချိန်မှစ၍ ပုဗ္ဗသီရိမြို့နယ်၊ ကုတင်(၅၀)ဆံ့ ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံမှုဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများအား သတ်မှတ်နေရာသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ၁၈နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စေတနာ့ဝန်ထမ်းများ၊ မသန်စွမ်းသူများနှင့် နာတာရှည် ရောဂါရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

"ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ ကုတင်(၅၀)တွင် Section(၂)ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ(၇)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန(၃)ခု စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပေးသည့်နေရာ (၁၂)ခု သတ်မှတ်၍ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း၊ အသက်(၅၀)နှစ်အထက် ပြည်သူများနှင့် နိုင်ငံဝန်ထမ်းများကိုလည်း Booster Dose  ထိုးနှံပေးလျက်ရှိပြီး၊ ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ၉၉ ရာခိုင်နှုန်းထိ ထိုးနှံပြီးစီးကြောင်း " မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သတင်း - မျိုးသီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)