MNP - မတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု တရုတ်တန်းရပ်ကွက်၊ အေးချမ်းဖြူစင်လမ်းမပေါ်တွင် သတင်း အရ ဒုရဲအုပ်ထွန်းထွန်းနိုင်ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ မတ် ၂၇ ရက်နေ့မွန်းလွဲပိုင်းတွင် စောင့်ဆိုင်းနေစဉ် အေးချမ်းဖြူစင်လမ်းမအတိုင်း မောင်းနှင်းလာသော ဆိုင်ကယ်စီးလာသည့် အောင်ကိုကို(ခ)အောင်ကိုအား ရပ်တန့် စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် အောင်ကိုကို(ခ)အောင်ကို မောင်းနှင်လာသည့် ဆိုင်ကယ်ရှေ့တွင် အပြာရောင်ပလပ်စတစ်ကပ်ခွာ အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၁၀၀၀၀)ပြား၊ အလေးချိန်(၁၁)ကီလိုဂရမ်၊ ဆေးပြား ၁ ပြားလျှင် ၃၀၀၀ ကျပ်နှုန်း ဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ်(၃၃၀၀၀၀၀၀၀)နှင့် ဆိုင်ကယ်အားရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့သည်။
ထို့နောက် တရားခံ အောင်ကိုကို(ခ)အောင်ကို အားစစ်ဆေးမေးမြန်းရာ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ(၂) ရပ်ကွက်၊ ဇောတိကလမ်းနေ နိုင်လင်းဦး(ခ)နိုင်လင်း(ခ)သားကြီးမှ တရုတ်တန်းရပ်၊ အောင်ဘောဂကျောင်းအနီးသို့ အခကြေး ငွေပေး ၍ သွားရောက်ပို့ဆောင်ခိုင်းကြောင်းထွက်ဆိုခဲ့ရာ ၎င်းနေအိမ်သို့သွားရောက်ရှာဖွေရာ မတွေ့ရှိရကြောင်းသိရသည်။
ဆက်လက်၍ လက်ဝယ်တွေ့ရှိသူ အောင်ကိုကို(ခ)အောင်ကို ၂၇နှစ်၊ (ဘ) ဦးမဲတုံး၊ အောင်ချမ်းသာ(၃)လမ်း၊ ဇေယျာသီရိ(၁) ရပ်ကွက်၊ မြိတ်တောင်နယ်မြေ၊ မြိတ်မြို့နေသူအား မြိတ်မြို့ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ကွင်းဆက်တရားခံ နိုင်လင်းဦး(ခ)နိုင်လင်း(ခ)သားကြီးအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - ရွှေပင်လယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment