MNP - မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မီးသတ်အုတ်ရေကန်များ ရေဖြည့်တင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူပြင်းခြောက်သွေ့သည့် နွေရာသီကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံဦးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံစိတ်ချနိုင်စေရန်အတွက် မြို့ပေါ်ရပ်ကွက်ရှိ မီးသတ်အုတ်ရေကန်များ ရေဖြည့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက်များတွင် မီးသတ်အုတ်ရေကန် (၁၀)ကန်ရှိကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။
သတင်း - အောင်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment