မြိတ်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး


MNP - မတ်   ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွင်စွာ ဆင်နွဲနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ပြည်သူများ မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွင်စွာဆင်နွဲနိုင်ရေး၊ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ် များဆောင်ရွက်ကြရေးနှင့် မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ဌာနဆိုင်ရာများမှ မိမိတာဝန်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အစီအမံများ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားသည်။ မြန်မာသက္ကရာဇ် (၁၃၈၃)ခု မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် တွင် မြိတ်မြို့၌ မြူးမြူးကြွကြွ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ ယိမ်းအကအလှများနှင့် ရေကစားမဏ္ဍပ်များဖြင့် ရိုးရာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခိုင်ထူး 

 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)