MNP ၊ မတ် ၂၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့အား နေပြည်တော် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနှင့် ရုရှား နှစ်နိုင်ငံပေါင်းစပ်ပြီး အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ မြန်မာအားကစားသမားများ အနေဖြင့် ရုရှားနိုင်ငံတွင် ပညာသင်ကြားနိုင်ရန်အတွက် ပညာတော်သင် Scholarship များ ခေါ်ယူပေးစေ လိုပါကြောင်း၊ လာမည့်နှစ်များတွင် မြန်မာ့ရိုးရာလက်ဝှေ့နှင့် ရုရှားလက်ဝှေ့ကို ပေါင်းစပ်ပြီး ပြိုင်ပွဲများ ကျင်းပသွားလိုကြောင်းနှင့် မိမိတို့နိုင်ငံအနေဖြင့် ရုရှားနည်းပြများနှင့် ပူးတွဲလေ့ကျင့်ရန် ဆန္ဒရှိကြောင်း၊ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း အားကစားအဖွဲ့ချုပ်များစွာ ဖွဲ့စည်းထားရှိပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ အထက်တန်းအောင်မြင်ပြီး B.Sc(Sport) တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ရုရှားနိုင်ငံရှိ Sport University များ၌ Master Degree နှင့် အခြား Training Programme များတွင် တက်ရောက်ပညာသင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရေးဆွေးနွေး ပြောကြားသည်။
ထို့နောက် ရှရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့ Project Manager Mr.Denis DEGTEREV က မြန်မာနိုင်ငံမှ နည်းပြနှင့် အားကစားသမားများကို မော်စကိုသို့ Training လာရောက်လေ့ကျင့်နိုင်ရန် ခေါ်ယူပေးသွားမည်ဖြစ်ပါကြောင်း၊ ရုရှားလက်ဝှေ့ကြိုးဝိုင်းနှင့် မြန်မာ့ရိုးရာလက်ဝှေ့ကို မိတ်ဆက်ပေးသွားမည်ဟု စဉ်းစားထားပါကြောင်း၊ မြန်မာအားကစားသမားများနှင့် ရုရှားအားကစား သမားများ ပူးပေါင်း၍ အားကစားပြိုင်ပွဲတစ်ခု ပြုလုပ်သွားရန် လျာထားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အားကစားကဏ္ဍနှင့် ပတ်သက်၍ အချိန်တိုအတွင်း အောင်မြင်မှုရရှိရန် ၎င်းတို့အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း ဆွေးနွေးပြောကြားသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment