ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP ၊ မတ်  ၂၅

ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က မဟာသင်္ကြန်ကာလအတွင်း အရာထမ်း၊ အမှုထမ်းများအနေဖြင့် တရားဘာဝနာအားထုတ်နိုင်ရန်၊ ကုသိုလ်ကောင်းမှုများပြုလုပ်လှူဒါန်းနိုင်ရန်၊ အခြားလူမှုရေးကိစ္စ များဆောင်ရွက်နိုင်ရန်အတွက် အထောက်အပံ့ဖြစ်စေရန်အလို့ငှာ ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နှစ်သစ်ကို စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူပြီး ပျော်ရွှင်တက်ကြွစွာဖြင့် တာဝန်ကျေပွန်စွာ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါရန်ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်တို့က ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များထံသို့ ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများကိုယ်စား ဥပဒေအရာရှိတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)