တန့်ဆည်မြို့နယ်တွင် ဆရာတော်ဦးသူရိယအား PDF အစွန်းရောက် အကြမ်းဖက်သမားများက ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ဆည်မြို့နယ်တွင် ဆရာတော်ဦးသူရိယအား PDF အစွန်းရောက် အကြမ်းဖက်သမားများက ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်ကြောင်း သိရ



MNP ၊ မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊  ရွာရှည်(မ) စံပြကျေးရွာမှ သာသနဟိတကာရီကျောင်းတိုက် ဆရာတော် ဦးသူရိယအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်ကြောင်း သိရသည်။


ဆရာတော်ဦးသူရိယ၏ တပည့်ဖြစ်သူက "ဆရာတော်ကို PDF တွေ ဖမ်းဆီးသွားတာ ၅-၂-၂၀၂၂ နေ့ကတည်းက ဖမ်းသွားတာပါ။ ပြဿနာကတော့ PDF တွေကို ထောက်ပံ့ပေးနေတဲ့ ဘုန်းကြီးတပါးကို တပ်က ဖမ်းသွားတယ်လို့ သတင်းကြားတယ်။ အဲဒီကိစ္စကို PDF တွေက ဆရာတော်က သတင်းပေးလို့ ဖမ်းတာပါဆိုပြီး ဆရာတော်ကို ဖမ်းသွားတယ်။ ဦးဇင်းတို့လည်း ဆရာတော် အသတ်ခံရမှာစိုးလို့ ဘာသတင်းမှ မတင်ဘဲ လျှို့ဝှက်စုံစမ်းပါတယ်။ အခုထိ ဘာသတင်းမှ မကြားရတော့ဘူး။ သတ်ပြစ်လိုက်ကြပြီလို့ ကြားရပါတယ်။" ဟု မိန့်ကြားသည်။

ဆရာတော်ဦးသူရိယအား NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၈ဦးက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဆရာတော်၏ တပည့်များအနေဖြင့် လိုက်လံစုံစမ်းခဲ့သော်လည်း သတင်းအစအန မရကြောင်း၊ ဆရာတော် အသတ်ခံရမှာစိုးလို့ သတင်းမတင်ဘဲ စုံစမ်းနေရာမှ အသတ်ခံလိုက်ရပြီဟု ကြားသိရကြောင်း မြန်မာနေရှင်နယ်ပို့စ်သို့ မိန့်ကြားသည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိပြီး သံဃာတော် အပါး  ၃၀ လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။

တန့်ဆည်မြို့နယ်အတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၃၂ ယောက် အထိ သတ်ဖြတ်ခံခဲ့ရကြောင်း၊ လူမသိ သူမသိ အသတ်ခံရသည့် ဖြစ်စဉ်များလည်း ရှိနေပြီး လူသတ်သမား PDF အကြမ်းဖက်သမားများ ဖမ်းဆီးရမိခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)