မြောက်ဦးမြို့နယ်အတွင်းရှိ (အ.ထ.က) ကျောင်းများ၌ ပြည်နယ်မေးခွန်းဖြင့် ကျောင်းသူ/ကျောင်းသား များစာမေးပွဲဝင်ရောက်ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်းရှိ (အ.ထ.က) ကျောင်းများ၌ ပြည်နယ်မေးခွန်းဖြင့် ကျောင်းသူ/ကျောင်းသား များစာမေးပွဲဝင်ရောက်ဖြေဆိုလျက်ရှိ






MNP - မတ်    ၅

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ (အ.ထ.က)  ကျောင်းများ၌  ပြည်နယ်မေးခွန်းဖြင့် ကျောင်း သူ၊ကျောင်းသားများ မှာတနင်္လာ နေ့မှ စတင်၍  နံနက် ၉ နာရီအချိန်မှ နေ့လယ် ၁၂ နာ ရီအချိန် ထိ(၃)နာရီမေးခွန်းကို စာမေးပွဲဖြေဆိုလျှက်ရှိကြပြီး ယနေ့ ဓာတုဗေဒဘာရပ်ကို လည်း ဆက်လက် ၍ဖြေဆိုလျှက် ရှိကြောင်း သိရသည်။  

ပြည်နယ်မေးခွန်းဖြင့် မြောက်ဦးမြို့နယ်အတွင်း၌ အ.ထ.က(၁)၊အ.ထ.က(၂)၊အ.ထ.က(၃)၊တိမ်ညို (အ.ထ.က)၊မြောင်းဘွေ (အ.ထ.က) စသောစုစုပေါင်း(၃၂) ကျောင်း၌ ကျောင်းသူ၊ကျောင်းသာများ စာမေးပွဲဝင်ရောက်ဖြေဆိုလျှက် ရှိကြောင်းသိရသည်။

ထိုကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းမျဉ်း၊စည်းကမ်းများနှင့်အညီ 

ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့လာရောက်ပူးပေါင်း၍ ကျောင်းသူ၊ကျောင်းသားများကို  ကိုဗစ်-၁၉  စည်းကမ်းချက် များ နှင့်အ ညီ နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှသာ စာမေးပွဲအခန်းထဲသို့ဝင်ရောက်ဖြေဆိုကြရန် ညွှန်ကြား လျှက်ရှိ ကြောင်းသိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းများ၌   စာမေးပွဲဖြေဆိုနေကြသောကျောင်းသား (၇၁၉) ဦးနှင့် ကျောင်းသူ(၇၃၇) ဦး စုစုပေါင်း (၁၄၅၆)ဦး အေးချမ်း တည်ငြိမ် စွာ ဖြေ ဆိုလျှက် ရှိ ကြောင်း သိရသည်။

သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)