ပခုက္ကူခရိုင် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူခရိုင် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ



MNP -  မတ်   ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်း များစုပေါင်း၍ ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေထားသည့် "အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေ ကွဲပြားကြဖို့လိုပါပြီနှင့် အခြား‌ဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ပြန်ကြား‌ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ မေလတွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေ ထားသည့် "အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေကွဲပြားကြဖို့ လိုပါပြီနှင့် အခြားဆောင်းပါး များ" စာအုပ်အကြောင်း ဖတ်ကြားရှင်းလင်းသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက စာအုပ်တွင်ပါဝင်သော" ကြောင်းကျိုးဆက်စပ်တွေးစေချင်နှင့် တိုင်းပြည်အကျိုး မျှော်တွေး ဆောင်ရွက်ကြစေလို" ဆောင်းပါးများအကြောင်း   ဆွေးနွေးသည်။

ထို့နောက် စာအုပ်တွင်ပါဝင်သော ဆောင်းပါးအကြောင်းအရာများနှင့် ပတ်သက်၍  ရုံးဝန်ထမ်း များက တစ်ဦးချင်းအလိုက် အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

သတင်း - ကီးလိန်းဖေ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)