MNP ၊ မတ် ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁ဝ)နာရီအချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ရသေ့တောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်လင်းထက်က ရှေးဦးစွာပြောကြားရာတွင် ရသေ့တောင်မြို့အတွင်းရှိအခြေခံပညာ ကျောင်းများနှင့် စာမေးပွဲဖြေဆိုရန် သတ် မှတ်ထားသည့်နေရာများတွင်တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုရန် လာရောက်ကြမည့် ကျောင်းသား/သူများအနေဖြင့် စာမေးပွဲ ဖြေဆိုချိန်ကာလအတွင်း (၃၁-၃-၂၀၂၂) မှ (၉-၄-၂၀၂၂)ထိ ဒေသတွင်းမလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးနှင့် တည်ငြိမ်အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ နေထိုင်ရေး၊ ပတ်ဝန်းကျင်အန္တရယ်ကင်းရှင်းရေးနှင့် ဆူညံမှုမရှိစေရေး တို့အား စနစ်တကျ ပူးပေါင်းဆောင်ရွက် ကြရန်နှင့် စာမေးပွဲဖြေဆိုမည့် နေ့ရက်အလိုက် တာဝန်ယူဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း စာဖြေဆိုသူနှင့် ပြင်ပမှဆက်သွယ်မှုများ မရှိစေရေး၊ လမ်းပိတ်ဆိုးမှုများ၊ ယာဉ်အန္တရယ်ကင်းရှင်းစေရေးတို့အားကြပ်မတ် ဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment