မြောက်ဦးမြို့ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



 MNP -  မတ်     ၃၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ အပါတ်စဉ် စနေနေ့တိုင်း လူထုသန့်ရှင်းရေးပြန်လုပ်ရန်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင် အပါတ်စဉ်စနေနေ့တိုင်း လူထုသန့်ရှင်းရေး ပြုလုပ်ရန်ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး ခင်မောင်စိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြောက်ဦးမြို့တော်သည် ရှေ့ဟောင်း မြို့တော်ဖြစ်သည်နှင့်အညီ ယူနစ်စကိုဝင်ရောက်ရန်အတွက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန် ဌာနအသီးသီးမှ ဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများတို့ပူးပေါင်း၍ ဆောင်ရွက် သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း အများပြည်သူသွားလာနေသော တံတားပေါ်တွင် အမှိုက်များ စွန့်ပစ်ခြင်း၊ ချောင်း၊ မြောင်းထဲသို့ အမှိုက်များကို စည်းကမ်းမဲ့စွန့် ပစ်ခြင်း၊ ဘုရားပုထိုးစေတီများ ရှိသော နေရာတို့တွင် အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်ခြင်းတို့ကို သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ကြီးကြပ် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်မှလည်း အမှိုက်များကို အများပြည်သူတို့ စနစ်တကျ စွန့်ပစ်ကြစေရန်အတွက် ဌာနဆိုင်ရာ ဝန်းထမ်းများမှ အမှိုက်စွန့်ပစ်နည်းများကို အသိ ပညာပေးအနေဖြင့် အများပြည်သူတို့သိရှိစေရန် လုပ်ဆောင်ကြရမည်။ မြို့တစ်မြို့ သန့်ရှင်း သာယာလှပရေးသည် ထိုမြို့ပေါ်ရှိနေထိုင်ကြသော ပြည်သူများတွင် အပြည့်အဝ တာဝန်ရှိသည် တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများမှလည်း မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီးနောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးမှ ခရိုင်အဆင့် ဌာနဆိုင် ရာများ၏ ဆွေးနွေးပြောကြားချက်တို့အပေါ် လူထုသန့်ရှင်းရေးပြုလုပ်ရန် ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရန် အပတ်စဉ် စနေ့နေ့တိုင်း မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန် အပတ်စဉ်စနေနေ့တိုင်း ဝိုင်းဝန်းပူးပေါင်း၍ လုပ်ဆောင်သွား ကြရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - မြင့်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)