MNP - မတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ယမန်နေ့ နေ့လယ်(၃)နာရီခွဲအချိန်ခန့်က ရေပြည့်အော်ကျေးရွာ၌ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ကျေးရွာကမ်းနားပိုင်းရှိ အလျား(၂၀) ပေ၊ အနံ(၄၅)ပေ၊ အမြင့်(၁၉) ပေရှိ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ပြိုကျပျက်စီးခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မိသားစုများမှာ ရေပြည့်အော်ကျေးရွာတာဝန်ခံ ဦးသန်းနိုင်၏ နေအိမ်၌ ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
သတင်း - စည်သူရအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment