မချမ်းဘော့မြို့ Community Centre ခန်းမ၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့ Community Centre ခန်းမ၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ



MNP -  မတ်   ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ (Community Centre) ခန်းမ၌ (၇၇)နှစ် မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ကလေးသူငယ်များ စိတ်ကူးစိတ်သန်းထက်မြက်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြင့်မားစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အထကမချမ်းဘော့ကျောင်းမှ Grade-4 ကျောင်းသား/သူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲဝင်များအား အမှတ်တရလက်ဆောင်များ ချီးမြင့်ပေးခဲ့ကြောင်း သိရ သည်။

ထို့နောက် တပ်မတော်နေ့ဆိုင်ရာ သုတ/ရသစာအုပ်များ ၊စာစောင်များအား ခင်းကျင်းပြသထား ရာ ဌာနဆိုင်ရာများနှင့် ကျောင်းသားလူငယ်များ စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရ သည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)