MNP - မတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်းဘီကျေးရွာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့်ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာ အရောက်ကွင်းဆင်း၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လှိုင်းဘွဲမြို့ပေါ်ရှိ အောင်ဆန်းခန်းမ၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်၊ ရွှေဂွန်းတိုက်နယ်နှင့် မြိုင်ကြီးငူတိုက်နယ်ဆေးရုံတို့တွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စုစုပေါင်းလူဦးရေ(၁၁၉၅၅၆)ဦး ထိုးနှံပြီးစီးခဲ့ပြီး မြို့ပေါ်နှင့်အလှမ်းဝေးသော ကျေးရွာနေပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာအရောက် ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးထံမှ သိရသည်။
သတင်း - စောဒိ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment