MNP - း မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် နတ်မောက်အုပ်စု၊ ညောင်ကုန်းကျေးရွာတွင် နွေစပါးစိုက်တောင်သူနှင့် ယမန်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ကွင်းဆင်း၍ တွေ့ဆုံမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းတောင်းမြို့နယ်နတ်မောက်အုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ကွင်းအမှတ် (၉၇)၊ နွေစပါးစိုက်တောင်သူ ဦးခင်ဌေးမှ နွေစပါး(၄)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ယင်းနောက် နတ်မောက်အုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ကွင်းအမှတ် (၉၇)၌ နွေစပါး (၄)ဧကစိုက်ပျိုးထားပြီး တစ်ဧကအထွက်နှုန်းမှာ တင်း(၉၀)ခန့်ထွက်ရှိပြီး၊ စပါးပေါ်ခါစတွင် တစ်တင်းလျှင် (၅၀၀၀) ခန့်ရောင်းချရမည်ဆိုပါက စိုက်ပျိုးမှုထွက်နှုန်း ကိုက်ညီပါမည်။ စပါးမျိုးမှာ ထိုင်းနှံကောက် စပါးမျိုးစိုက်ပျိုးထားကြောင်း နွေစပါးစိုက်ပျိုးသူ တောင်သူဦးခင်ဌေးထံမှ သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment