ငပုတောမြို့နယ်အတွင်းရှိ ဒီးဒူးကုန်းကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃)လုံးပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်အတွင်းရှိ ဒီးဒူးကုန်းကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃)လုံးပျက်စီး



MNP - မတ်    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ မေဒါအိုင်ကျေးရွာ ၌ ယမန်နေ့  ညနေ (၅)နာရီ၊ မိနစ် (၃၀)အချိန်က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီးဒူးကုန်းကျေးရွာရှိ   လူနေအိမ်(၁)လုံးမှာ အမိုးလန်ပျက်စီးသွားပြီး မေဒါအိုင်ကျေးရွာရှိ လူနေအိမ်(၂)လုံး ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့်  ဒီးဒူးကုန်းကျေးရွာအုပ်စု၊  ဒီးဒူးကုန်းကျေးရွာနေ ဦးဌေးဝင်း ပိုင်ဆိုင်သော  အလျား(၁၈)ပေ၊ အနံ(၂၇)ပေ၊ အမြင့်(၁၅)ပေရှိ  ကွန်ကရစ်ခင်း၊ ကျောက်ပြားကာ၊ သွပ်မိုးအိမ်မှာ သွပ်အမိုး လန်ပျက်စီးသွားခဲ့ပြီး  မေဒါအိုင်ကျေးရွာနေ ဦးငယ်လေးပိုင်ဆိုင်သော အလျား(၁၂ )ပေ၊ အနံ(၁၂)ပေ၊ အမြင့် (၁၀)ပေရှိ  ပျဉ်ခင်း၊ ဓနိမိုး၊  ဓနိကာနေ အိမ်(၁)လုံးနှင့် ဦးဆန်းမင်းပိုင်ဆိုင်သော အလျား (၁၅ )ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၅)ပေရှိ ပျဉ်ခင်း၊ ဓနိမိုး၊ ဓနိကာနေအိမ်(၁)လုံးတို့မှာ ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

လတ်တလောအခြေအနေတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများက အဆိုပါ နေအိမ်ပြိုကျပျက်စီးသွားသည့်  အိမ်ထောင်စု(၃)စုရှိ မိသားစုဝင်(၁၀)ဦးတို့အား ဝိုင်းဝန်းကူညီ၍ နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့ နေရာချထားပေးထားကြောင်း သိရှိရပြီး အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ  သိရှိရသည်။                           

သတင်း - နုနုအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)