ရသေ့တောင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်






MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင် ၊ ရသေ့တောင်မြို့၊ မေယုခန်းမ၌ ယနေ့ နေ့လယ် (၁၂)နာရီအချိန်က ၂၀၂၁-၂၀၂၂ပညာ သင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေး၌ ရသေ့တောင်မြို့နယ်ပညာရေးမှူး ဦးထွန်းရွှေ၊အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမများစာမေးပွဲကြီးကြပ် အဖွဲ့ဝင်များ( ၆၃၀)ဦးခန့်တက်ရောက် ခဲ့ကြသည်။ 

အခမ်းအနားတွင် ရသေ့တောင်မြို့နယ် ပညာရေးမှူးက အမှာစကားပြောကြား ရာတွင်အခြေခံပညာအထက်တန်း ကျောင်းသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လာရောက်ကြမည့် ကျောင်းသား/သူများအဖြင့် စာမေးပွဲ ဖြေဆိုချိန်ကာလအတွင်း (၃၁-၃- ၂၀၂၂)မှ(၉-၄-၂၀၂၂)ထိ ဒေသတွင်း မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးနှင့် တည်ငြိမ်အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် အစည်း အဝေးသို့တက် ရောက်လာသူများအား စာမေးပွဲဖြေဆိုမည့်နေ့ရက်အလိုက် တာဝန်ခွဲဝေပေးအပ်ခြင်း ၊ မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများက စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း တာဝန်ကိုကျေ ပွန်စွာထမ်းဆောင်ကြစေလိုကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)