သာပေါင်းမြို့နယ် သာပေါင်း-ပုသိမ်ကားလမ်းတစ်လျှောက် အမှိုက်ကောက်သန့်ရှင်းရေးများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် သာပေါင်း-ပုသိမ်ကားလမ်းတစ်လျှောက် အမှိုက်ကောက်သန့်ရှင်းရေးများ ဆောင်ရွက်



MNP - မတ်    ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သာပေါင်း-ပုသိမ်ကားလမ်း တစ်လျှောက်  အမှိုက်ကောက် ပတ်ဝန်းကျင်သန့်ရှင်းရေးများ ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

သာပေါင်း-ပုသိမ်ကားလမ်း တစ်လျှောက် အမှိုက်ကောက်ပတ်ဝန်းကျင် သန့်ရှင်းရေးများ ဆောင်ရွက်ရာတွင် မြို့Clean City,GreenCity,Smart City ဖြစ်ပေါ်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာနတို့မှ ရပ်ကွက်/ ကျေးရွာများ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေးကြည့်ရှု ကြပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား လမ်းမိုင်တိုင်အလိုက် တာဝန်ချထားပေးခဲ့ပြီး ကား၊ ဆိုင်ကယ်၊ ဈေးဆိုင်၊ အိမ်တို့မှ စည်းကမ်းမဲ့ အမှိုက်စွန်ပစ်ခြင်းများအား စောင့်ကြည့်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း လိုက်လံအသိပညာပေး စီစစ်ကြပ်မတ် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)