မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေး အသိပေးကြေငြာချက်များ လိုက်လံစိုက်ထူ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေး အသိပေးကြေငြာချက်များ လိုက်လံစိုက်ထူ

 


MNP - မတ်   ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ လူစည်ကားရာ လမ်းဆုံ၊ လမ်းခွများ၊ ဈေးများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးက မိဘပြည်သူများသို့ အသိပေးချက်စာတမ်းပါ (၂၀၂၂)ခုနှစ် ဧပြီလ(၁)ရက်နေ့ကစတင်၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ပြုလုပ်ရာတွင် နိုင်ငံသားကတ် (မှတ်ပုံတင်) တပါတည်း ယူဆောင်သွားရန် ထောက်ခံစာဖြင့် ခွင့်မပြုတော့ပါ စသည့် အသိပေးကြေငြာ ချက်များ လိုက်လံစိုက်ထူခြင်းကို ၂၈ ရက်နေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သုဓမ္မာလမ်းနှင့် သစ္စာပန်းလမ်းဒေါင့်ဓမ္မာရုံမှတ်တိုင်အနီးတွင် မြို့နယ်လဝကမှူး ဦးအောင်ကျော်စိုး ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက စိုက်ထူခဲ့ကြောင်းသိရှိရသည်။

သတင်း - မြမြဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)