MNP - မတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှုး ဦးဇော်မြင့်ထွန်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှုးရုံး ဦးစီးအရာရှိ ဦးဆာမူအဲလ် ကမိတ်ဆက်စကားနှင့်အတူ မြန်မာနိုင်ငံတွင် နှစ်စဉ်ဖြစ်ပွားလေ့ရှိသော ဘေးဒုက္ခများမှ မီးဘေးအန္တရာယ်ဖြစ်ပွားခဲ့ပုံများနှင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ခဲ့ပုံ၊ မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ ရုံးတွင်းရုံးပြင်၊ ရုံးအဆောက်အဦ၊ ရုံးစာမှတ်တမ်းများ၊ လျှပ်စစ်အသုံးပြု စက်ပစ္စည်းများ မီးဘေးလုံခြုံမှု ရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် အချက်များကိုလည်းကောင်း၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသန်းရွှေဝင်းက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး ထားသိုနည်းနှင့် အရည်အသွေးပြည့်ဝသော မီးသတ်ဆေးဘူး၏ စံသတ်မှတ်ချက်များ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန သန္ဓေတပ်ဖွဲ့ဝင်များက ဆီကြောင့်ဖြစ်တတ်သည့် မီးလောင်မှုကို ရေစိုအဝတ်ဖြင့် လွယ်ကူစွာမီးငြှိမ်းသတ်နည်းကို လက်တွေ့ပြသခဲ့ရာ စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများမှလည်း အတူပူးပေါင်းပါဝင် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment