သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်



MNP - မတ်   ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့်  ပြည်သူများအား ကိုဗစ်-၁၉  ကာကွယ်ဆေးများကို သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ ပန်းရိုက်လမ်း၊ ရဟန္တာ ဓမ္မာရုံတွင်  မြို့နယ်ကျန်းမာရေးဆရာဝန်ကြီး ဉီးစောအောင်ရွှေဖြူ ဉီးဆောင်သော ကျန်းမာရေး ဝန်ထမ်းများမှ ကျား ၈၀ ဉီး၊ မ ၁၁၆ ဉီး၊ စုစုပေါင်း ၁၉၆ ဉီးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန် ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ တွင် ပုံမှန်ဆေးထိုးစုရပ်များ၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၅၀) ဦး၊  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၂၃၈) ဉီးနှင့် တတိယ အကြိမ်ကာကွယ်ဆေးထိုးနှံသူ(၆၅ )ဦးတို့အား Covidshield  ကာကွယ်ဆေးများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံ ပေးကြောင်း သတင်းရရှိသည်။

သတင်း - စန္ဒာမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)