သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်



MNP - မတ်    ၃၀

ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ၊ မီးလန့်မှုများမဖြစ်ပွားစေရန်အတွက် ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွှဲ ၃နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် သီပေါမြို့ပေါ်ရှိ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာများအတွင်း နေထိုင်ကြသူများ အားလုံး အိမ်ခြံဝင်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်း ဖယ်ရှား ထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် လှေကားများစနစ်တကျထားရှိရန်၊ မီးသတ်ဆေးဘူးများ လုံလောက်စွာဆောင်ထားရန်၊ လောင်စာဆီများသိုလှောင်မထားရန်စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အချက်များနှင့် မီးဖိုမီးအသုံးပြုလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လျှပ်စစ်မီး သုံးစွဲလျှင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဖယောင်းတိုင်၊ အမွှေးတိုင် အသုံးပြုခြင်းများ၊ ဓာတ်ဆီဖြည့်/လှယ်လျှင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေး နှိုးဆော်ခဲ့ကြောင်း နှင့်  အဆိုပါအချက်များအား လိုက်နာမှုမရှိပါက မီးသတ်တပ်ဖွဲ့နည်း ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် မီးသတ် ဦးစီးဌာနမှ သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)