MNP ၊ မတ် ၃၀
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း မေယုရာတနာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ကြီးကြပ်ရေးမှူး/လက်ထောက်ကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ ဆရာမများတွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာစာစစ်ဌာန( ၅)ခုမှကြီးကြပ်ရေးမှူးများ အဖြစ်တာဝန်ထမ်းဆောင်မည့်ဆရာ/ ဆရာမများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။
ထိုနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျန်အေးမှအမှာစကားပြောကြားရာတွင်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လာရောက်ကြမည့် ကျောင်းသား/သူများစာမေးပွဲ ဖြေဆိုချိန်ကာလအတွင်းမလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးနှင့် တည်ငြိမ်အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးတို့အတွက် အသံချဲ့စက်များ၊စားသောက်ဆိုင်များ၊အရက်ဆိုင်များဖွင့်လှစ်ခြင်းကိုပိတ်ထားမှာဖြစ်ကြောင်း၊စာမေးပွဲဖြေဆိုမည့်ကျောင်းသား/ ကျောင်းသူးများအတွက် Mask ( ၁၅၀၀၀)ကျော်စီစဉ်ထားပြီးဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ကျော်ကျော်က ကျောင်းသား /ကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကိုလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းသိန်းက စာစစ်ဌာနများ၌ ကျန်းမာရေးဝန်ထမ်းများတာဝန်ချထားပေးမည့်တို့ကိုဆွေးနွေးခဲ့ကြသည်။
ထို့နောက်ဘူးသီးတောင်မြို့နယ် ပညာရေးမှူးဦးမောင်တင်အောင်မှ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေးမှူး/ လက်ထောက်ကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများအား အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်၌အထက( ၁)( ဘူးသီးတောင်) ၊ အထက(၂ )ဘူးသီးတောင်၊ ထခွဲလ( ၂) ဘူးသီးတောင်၊ ထခွဲလ (၃)ဘူးသီးတောင်၊ အထက (လက်ဝဲဒက်ပုဇွန်ချောင်း) စာစစ်ဌာနဟူ၍ စာစစ်ဌာန (၅)ခုဖွင့်လှစ်သွားမည် ဖြစ်ပြီး ကျောင်းသား/ ကျောင်းသူ(၂၁၃၉ )ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သတင်း - လှကျော်
https://t.me/MyanmarNationalPost






No comments:
Post a Comment