ဟိုပန်မြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်မြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 


MNP - မတ် ၃၀

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊  မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ၏ ပဒေသာ ကပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို မတ်လ(၂၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြကေခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ မူလတန်းကြိုကျောင်းများတွင် ရင်သွေးငယ်လေးများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှု စသည့် ဖွံ့ဖြိုးမှု(၅)ရပ် ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်အတွက် စနစ်တကျနည်းလမ်းများဖြင့် သင်ကြားပေး လျက်ရှိပြီး ရင်သွေးငယ်လေးများကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများရရှိစေရန်တို့ကို မူလတန်းကြိုကျောင်းမှ ဆရာ/ဆရာမများနှင့်အတူ မိသားစုများ၊ မိဘများ က ပူးပေါင်းပါဝင်ကူညီဆောင်ရွက်လက်တွဲညီမှသာ အကောင်းဆုံးအကျိုးရလဒ်ကို ရရှိမှာဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက အကအလှ၊ ပဒေသာက ပွဲများဖြင့် ဖျော်ဖြေပေးခဲ့ကြပြီး  တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ် (၂၃)ဦးအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)