မိုင်းတုံမြို့နယ်၌ မြို့နယ်ပြည်သူ့ဆေးရုံကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့နယ်၌ မြို့နယ်ပြည်သူ့ဆေးရုံကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP - မတ်   ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ မြို့နယ်ပြည်သူ့ဆေးရုံကြီးကြပ်မှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁ဝး၃၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက မြို့နယ်ပြည်သူ့ဆေးရုံ ကြီးကြပ်မှုကော်မတီအဖွဲ့အား အစည်းဝေး ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ဆရာဝန်ဒေါက်တာသက်ခိုင်မင်းက လုပ်ငန်းဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ ကြုံ‌တွေ့ရသည်များကို အကျယ်တစ်ဝန်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာသည့် မြို့နယ်ပြည်သူ့ဆေးရုံကြီးကြပ်မှု ကော်မတီအဖွဲ့က ပါဝင်‌ဆောင်ရွက်ရမည့်ကိစ္စရပ်များကို လည်း ဝိုင်းဝန်းပူး‌ပေါင်းဆောင်ရွက်‌ ပေးသွားမည်ဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - ဝင်းဝင်းခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)