MNP - မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိနိုင်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး သိကောင်းစရာများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ခင်နှင်းကြည်၊ စာရေးဆရာ ဝင်းနွယ်(ပုသိမ်)တို့က ကလေးအလုပ်သမားဆိုင်ရာ ပြဌာန်းချက်များ၊ ကလေးအလုပ်သမားဖြစ်ရခြင်းအကြောင်းအရင်း၊ ဘေးအန္တရာယ်ကျရောက်သည့် ကလေးအလုပ်သမားများအကြောင်း စသည့် ကလေးအလုပ်သမားပပျောက်ရေး သိကောင်းစရာများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေးလုပ်ငန်းများကိုလည်း Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဇွဲထက်ကို
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment