၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - မတ်   ၃၀

၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနှင့် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း က ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားခဲ့ပြီးလုပ်ငန်းတာဝန်များ သတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် လုပ်ငန်းများအောင်မြင်အောင် ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ အခက်အခဲရှိက အချိန်နှင့်တစ်ပြေးညီ တင်ပြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ ယိမ်းအဖွဲ့များ ထောက်ပံ့မည့် အခြေအနေ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ပြိုင်ပွဲများ ဆောင်ရွက်မည့်အစီအမံများ၊ သင်္ကြန်ပွဲတော်ကာလအတွင်း နေ့စဉ် စတုဒီသာဧည့်ခံကျွေးမွေးမည့် အခြေအနေများနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပူဇော်ခြင်းအခမ်း အနားကျင်းပနိုင်ရေးအတွက် ပြည်နယ်သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွေးနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လိုအပ်ချက်များကို အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)