ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းကျန်းမာရေး စံပြကျောင်း ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းကျန်းမာရေး စံပြကျောင်း ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ



MNP -  မတ်   ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကျောင်းကျန်းမာရေးစံပြကျောင်း ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမ၌ ကျင်းပရာ မြို့နယ် ကျောင်းကျန်းမာရေးစံပြကျောင်း စိစစ်ရွေးချယ်ရေးကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း မြို့နယ်ကျောင်းကျန်းမာရေး အဆင့်မြှင့်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သော ကျောင်းများအား ကျောင်းကျန်းမာရေး စံပြကျောင်းအဖြစ် ရွေးချယ်ရေးအဖွဲ့ဝင်များက စိစစ်ရွေးချယ်ခဲ့ကြရာ စည်းမျည်း၊ စည်းကမ်းများနှင့် ညီညွတ်သည့် ထက်၊ လယ်၊ မူကျောင်းများမှ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ် (၂၂) အခြေခံပညာ မူလတန်းကျောင်းတို့အား စိစစ်ရွေးချယ်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးကိုယ်စား အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်အုပ်ဆရာမကြီး ဒေါ်စပယ်လှက ပြောကြား သည်။ သွားကျန်းမာရေးဆရာဝန် ဒေါက်တာဖြိုးကိုကိုကလည်း ကျောင်းကျန်းမာရေး စံပြကျောင်းအဖြစ် ရွေးချယ်ခံရသည့် ကျောင်းများမှလည်း စံပြကျောင်းအဖြစ် စဉ်ဆက်မပြတ် ဆက်လက်ကျန်းမာရေးစည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက် ပေးသွားရန် ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ စံပြကျောင်းအဖြစ် ရွေးချယ်ခံရသော   ကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြင့်မြင့်ရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)