MNP - မတ် ၃၀
ဇေယျာသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ အစည်းဝေးတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က မိမိတို့မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှစတင်၍ စာစစ်ဌာန နေရာ (၅) ခုထားရှိပြီး ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ကိုယ်တိုင်လာရောက်ကြီးကြပ်ပေးကြရန်၊ မိမိတို့၏ အလုပ်တာဝန်းများ မအားလပ်ပါက ကိုယ်စားလွတ်ပေးပါရန်၊ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးသို့ တာဝန်ရှိသူများ လာရောက်မှုရှိမရှိ စစ်ဆေးသတင်းပေးပို့ပါရန်နှင့် စာဖြေဆိုဌာနများနှင့် စာစစ်ဌာနများအတွက် မီးလန့်မှုများ မဖြစ်ပွားစေရန် မီးသတ်ဌာနမှ ပူပေါင်းဆောင်ရွက်ပေးလိုကြောင်း၊ စာဖြေဆိုကျောင်းသူ၊ ကျောင်သားများ စာဖြေဆိုရာတွင် စိတ်အနှောက်အယှက် မဖြစ်စေရန်အတွက် စာဖြေဆိုရာဝန်းကျင်များတွင် ကြိုတင်ကာကွယ်သည့် အနေဖြင့် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ခွင့်မပြုပါရန် တာဝန်ရှိသူများမှများ စစ်ဆေးပေးလိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးတင်ပြချက်များအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment