ကလပ်ပေါင်းစုံအမှတ်ပေး အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလပ်ပေါင်းစုံအမှတ်ပေး အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ






MNP - မတ်    ၁၇

SHAN STATE VOLLEYBALL LEAGUE(2022) ကလပ်ပေါင်းစုံအမှတ်ပေး အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို မတ်(၁၆)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

ကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောအမှတ်ပေးပြိုင်ပွဲကို ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်မှ မတ်လ (၁၄)ရက်နေ့ထိ  အဆင့်လိုက်ရပ်တည်မှုဇယားအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများက ကြည့်ရှုရာပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ရှင်းလင်းပြီးပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် အားကာအသင်းနှင့် ခုနှစ်စင်ကြယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး ခုနှစ်စင်ကြယ်အသင်းမှ (၃)ပွဲပြတ်ဖြစ် အနိုင်ရရှိသွားကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ တတိတယဆုရရှိသောအင်းမြောက်ပိုင်းအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းတို့ကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော အားကာအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်းတို့ကို ပြည်နယ်ဥပဒေချုပ်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အကောင်းဆုံး စပေးဘောဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု အကောင်းပင့်ထောင်ဆု၊ အကောင်းဆုံးဆယ်မဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးဆုရရှိသူများကို ပြည်နယ်ဝန်ကြီးများက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ပထမဆုရရှိသောခုနှစ်စင်ကြယ်အသင်းအားတစ်ဦးချင်းဆုတံဆိပ်များကိုပြည်နယ်လူမှုရေးရာဝန်ကြီးဦးအောင်မြင့်က ဆုချီးမြှင့်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ငွေသားဆုကျပ် (၁၅)သိန်းနှင့် တံခွန်စိုက်ဖလားချီးမြှင့်ပေးကြောင်း သိရှိရသည်။

ထို့နောက်တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း)၌ ကျင်းပပြုလုပ်သော (၇၃) နှစ်မြောက်ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတက်ရောက်၍ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌဖြားခွန်ဝင်းကိုမှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ထူးခြားလေးနက် သောသမိုင်းအစဉ်ကို အကြောင်းပြု၍ နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်းပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပလာရာ ယခုတွင်(၇၃)ကြိမ်မြောက်အထိ ရောက်ရှိခဲ့ပြီး ယခုကဲ့သို့နှစ်စဉ် နှစ်တိုင်းအစဉ်လာမပျက် ကျင်းပနိုင်ခြင်းသည် ပအိုဝ်းတိုင်းရင်းသားအားလုံး၏ အမျိုးသားရေး စိတ်ဓါတ်မြင့်မားမှု၊ စည်းလုံးညီညွတ်မှုနှင့် ယဉ်ကျေးမှုအမွှေအနှစ်များကို ဖော်ကျုးပြသော အခမ်းအနားဖြစ်သောကြောင့် ပအိုဝ်းတိုင်းရင်းသားများအတွက် များစွာဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေမှ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖာအောင်ခမ်းထီမှ ပေးပို့လာသည့် သဝဏ်လွှာကို ဖတ်ကြား၍ အလှူငွေများပေးအပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှအလှူငွေကျပ်(၁၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်ကျော်ထွန်းက ပေးအပ်၍ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က အလှူငွေကျပ်(၁၀)သိန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် မိသားစုမှအလှူငွေကျပ်(၁၀)သိန်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးခွန်ရဲထွေးမှ အလှူငွေကျပ်(၁၀)သိန်းတို့ကို အသီးသီးပေးအပ် လှူဒါန်းရာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌဖြားခွန်ဝင်းကိုမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ပွဲတော်ကျင်းပရေးကော်မတီအတွင်းရေးမှူး ဖြားခွန်မောင်မောင်ထွန်းမှ ကျေးဇူးတင်စကားပြောကြားကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)