ကျွန်းလှမြို့နယ်၌ မွေးစမှ တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ မွေးစမှ တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံ



MNP -  မတ်     ၁၇

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များ ကျန်းမာ သန်စွမ်းပြီး ရောဂါကင်းဝေးစေရန်အတွက် မွေးစမှ တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာ ဝင်းဇော်ဌေး ဦးဆောင်သော ကျန်းမာရေးဝမ်ထမ်းများက မွေးစမှ တစ်နှစ်ခွဲ ကလေးငယ်များအား အသက်အရွယ်အလိုက်  ပြင်းထန်ဝမ်းလျောဝမ်းပျက်၊ ပိုလီယို၊ ဆုံဆို့-ကြက်ညာ-ချောင်းဆိုး-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမေးရောင်ရောဂါ (ငါးမျိုးစပ်ကာကွယ်ဆေး)များ တိုက်ကျွေး ထိုးနှံပေးပြီး ကလေးမိခင်များအား ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်း - မျိုးဝင်းညို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)