ဝက်လက်မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 




MNP - မတ်    ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမြင့်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်း က မင်းကျီးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောင်ရွက်နေမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးမြင့်နှင့် တာဝန်ရှိသူများက မင်းကျီကျေးရွာ၌ ၂၀၂၁-၂၀၂၀ခု ခြောက်လဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၉၆ဒသမ၃၃) သန်းဖြင့် ဂုဏ်ရှိန်ဝင့်ထည် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ

ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီမှ တာဝန်ခံများနှင့် ကျေးရွာ ကော်မတီဝင်များအား လုပ်ငန်းအရည်အသွေး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီကာ သတ်မှတ်အချိန် ပြီးစီးရေး ဆောင်ရွက်သွားရန် နှင့် လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါလုပ်ငန်းများအနက်  လမ်းလုပ်ငန်း (၁၀၀)ရာခိုင်နှုန်းနှင့် လမ်းပေါ်ရှိ ရေကျော် (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး လမ်းနှင့်တံတား ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ တောင်သူ (၂၇၀)ဦးနှင့် လယ်ယာမြေဧက (၁၀၀၀)ခန့်အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)