MNP - မတ် ၂၉
ပြည်သူလူထု ရေကောင်းရေသန့်ရရှိစေရန်နှင့် ရေအရည်အသွေးဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ရေအရည်အသွေး စစ်ဆေးသော စက်များ အသုံးပြုနည်းနှင့် ရေအရည်အသွေးထောက်လှမ်းဆန်းစစ်ခြင်း သင်တန်းကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပရာ တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက အဖွင့် အမှာစကားပြောကြားပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ ဌာနစိတ်မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ကေသီစိုးက သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၃၉)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၂ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment