ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက်အစည်း အဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက်အစည်း အဝေးပြုလုပ်



MNP - မတ်    ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ မေယုခန်းမ၌ ယနေ့ နေ့လယ် (၁၂)နာရီအချိန်က ၂၀၂၁-၂၀၂၂ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ ရသေ့တောင်မြို့နယ်ပညာရေးမှူး ဦးထွန်းရွှေ၊အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်များ နှင့် ဆရာ၊ ဆရာမများစာမေးပွဲကြီးကြပ် အဖွဲ့ဝင်များ( ၆၃၀)ဦး ခန့်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရသေ့တောင်မြို့နယ် ပညာရေးမှူးက အမှာစကားပြောကြားရာတွင် အခြေခံပညာအထက်တန်း ကျောင်းသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လာရောက် ကြမည့် ကျောင်းသား/ သူများအဖြင့် စာမေးပွဲဖြေဆိုချိန် ကာလအတွင်း (၃၁-၃- ၂၀၂၂) မှ (၉-၄-၂၀၂၂)ထိ ဒေသတွင်းမလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရေးနှင့် တည်ငြိမ် အေးချမ်း စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အစည်း အဝေးသို့တက် ရောက်လာသူများအား စာမေးပွဲ ဖြေဆိုမည့်နေ့ရက်အလိုက် တာဝန်ခွဲဝေပေးအပ်ခြင်း၊ မိမိတို့ဌာနဆိုင်ရာ ဝန်ထမ်းများက စာမေးပွဲဖြေဆိုနေချိန် ကာလအတွင်း တာဝန်ကိုကျေ ပွန်စွာထမ်းဆောင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက် လာသူများမှ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သတင်း - ထွန်းလင်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)