တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေး တိုင်းဒေသကြီး ကုန်တင်ကုန်ချ ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၁၂၂)သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေး တိုင်းဒေသကြီး ကုန်တင်ကုန်ချ ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၁၂၂)သို့ တက်ရောက်

 




MNP - မတ်   ၂၉

တနင်္သာရီတိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၁၂၂)ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက တက်ရောက်လာသော ကော်မတီများအနေဖြင့် သက်သာချောင်ချိရေး ရန်ပုံငွေ၊ အရ/အသုံးငွေစာရင်းများ နှင့်ပတ်သက်၍ တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီရုံးမှ တိုင်းဒေသကြီး ဦးစီးမှူးဦး ဟိန်းသီဟက တိုင်းဒေသကြီးအတွင်းရှိ (ထားဝယ်၊ မြိတ်နှင့် ကော့သောင်း) မြို့နယ် ကုန်တင်ကုန်ချ ကုန်ကော်မတီရုံးများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်(၅)% သက်သာချောင်ချိရေးရန်ပုံငွေ (နှစ်ချုပ်)စာရင်း ပေါင်းချုပ်စာရင်းများ၊ ၂၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် (၅)% သက်သာချောင်ချိရေး ရန်ပုံငွေ၊ အရ/အသုံး ငွေစာရင်းများနှင့် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးအလိုက် ကရုဏာကြေးနှုန်း ထားများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသောကော်မတီဝင်များက ရန်ပုံငွေ၊ အရ/အသုံး ငွေစာရင်းများကို မှတ်တမ်းတင်ခဲ့ကြပြီး အတည်ပြုခြင်းများဆောင်ရွက်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)