MNP - မတ် ၂၉
သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ် မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခု (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၃၀) တွင် အောင်မြင်စွာ အကောင် အထည်ဖော်လျက်ရှိသည်။
မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေသည် အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြစ်ပြီး ချေးငွေများပြန်လည်ပေးဆပ်ခြင်း၊ ပြန်လည်ထုတ် ပေးခြင်းများအား စဉ်ဆက်မပြတ် လည်ပတ် ဆောင်ရွက်နေသော စီမံကိန်းဖြစ်သည့်အားလျော်စွာ ယခု ၂၀၂၂ ခု မတ်လတွင် မြစိမ်းရောင် ရန်ပုံငွေ အရင်းအတိုးငွေများ ပြန်လည်ပေးဆပ်ရန် ကျေးရွာ (၂၃) ရွာရှိပြီး အဆိုပါ ကျေးရွာများ သည်အနေဖြင့်လည်း ပြန်လည်ပေးဆပ်ရမည့် သတ်မှတ်ကာလများတွင် အကြေပေးဆောင်ကာ နေ့ချင်းပြီး ပြန်လည်ထုတ်ချေးခြင်းများအား သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာ ၂၃ ရွာ၏ မြစိမ်းရောင်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိသည့် သတ်မှတ်ကာလ ၃ နှစ်ပြည့်ပြီးသည့် မြစိမ်းရောင်စီမံကိန်း လုပ်ငန်း အဖွဲ့များ အား အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment